1. Skip to Menu
  2. Skip to Content
  3. Skip to Footer

About Us

အေအေအမ် ကုမ္ပဏီလီမိတက်သည် ရေလုပ်ငန်းဆိုင်ရာ၊ ရေကြောင်းသွားလာရေးသမ္ဗန်များ ဆိုင်ရာ ၊ စိုက်ပျိုးရေး လုပ်ငန်းသုံး ဆိုင်ရာနှင့် လယ်ယာသုံး စက်နှင့် စက်အပိုပစ္စည်းများအား တစ်နိုင်ငံလုံးသို့ တရားဝင် တင်သွင်း၊ ဖြန့်ဖြူးနေသော ကုမ္ပဏီ ဖြစ်ပါသည်။ ကုမ္ပဏီတစ်ခု အဖြစ် မတည်ထောင်မီ ကတည်းကပင် ၄င်းရေလုပ်ငန်းသုံးဆိုင်ရာပစ္စည်းများအား သကရာဇ် 1980 ခုနှစ်ကတည်းမှ စတင် ရောင်းချနေပြီဖြစ်သည်။

ထို့နောက် သကရာဇ် 2011ခုနှစ်တွင် ကုမ္ပဏီတစ်ခုအဖြစ် တည်ထောင်ထားပြီး ရေလုပ်ငန်း သုံးဆိုင်ရာ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဆိုင်ရာနှင့် လယ်ယာသုံး စက်နှင့် စက်အပိုပစ္စည်းများအား တစ်နိုင်ငံလုံးသို့ ဈေးနှုန်းမှန်ကန်၊ ချိုသာစွာဖြင့် ဖြန့်ဖြူး၊ ရောင်းချလျှက် ရှိပါသည်။

ထို့ပြင် အရည်အသွေး ပြည့်မီသော ဒီဇယ်အင်ဂျင်၊ ဓာတ်ဆီအင်ဂျင်၊ ယိုးဒယားထုတ် KKK ပဲ့ထောင်အထိုင်၊ လယ်ယာသုံး လက်တွန်း ထွန်စက်၊ စပါး ရိတ်သိမ်းစက်၊ ခြွေလှေ့စက် နှင့် ရေစုပ်ပန့်တွဲများသာမက ဒီဇယ်၊ဓာတ်ဆီအင်ဂျင် အပိုပစ္စည်းများအားလည်း ကိုယ်တိုင် တင်သွင်း၊ဖြန့်ဖြူးရောင်းချလျှက် ရှိသည်။


အရည်အသွေးပြည့်ဝသော ကုန်ပစ္စည်းများကိုသာ လိုလားအသုံးပြုလိုသော မည်သူကိုမဆို ၄င်းကဲ့သို့သော အရည်အသွေးများဖြင့် သာမက မှန်ကန်ချိုသာသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးနိုင်ရန်မှာကျွှန်ုပ်တို့၏ရည်မှန်းချက်ဖြစ်ပါသည်။

ထို့ပြင် အနာဂတ်တွင် နိုင်ငံတကာအဆင့်မီ ကုမ္ပဏီတစ်ခုဖြစ်တည်လာနိုင်ရေးနှင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးသို့ ကုမ္ပဏီခွဲများ တိုးချဲ့၊ ဖြန့်ဖြူးနိုင်ရန်လည်း ရည်ရွယ်ထားပါသည်။

ကျွန်ုပ်တို့ အေအေအမ် ကုမ္ပဏီမှ တင်သွင်းသော အရည်အသွေးပြည့်ဝထုတ်ကုန်များဖြစ်သည့် ရေလုပ်ငန်းနှင့် လယ်ယာသုံး စက်နှင့် စက်အပိုပစ္စည်းများအား ပုဇွန်တောင် နှင့် ဘုရင့်နောင် အရောင်းပြခန်းများတွင် လက်လီ၊လက္ကား ၀ယ်ယူရရှိနိုင်ပါသည်။

(Website : www.aammyanmar.com, Email: This email address is being protected from spambots. You need JavaScript enabled to view it.)